စာရွက်ပေါ်မှာပဲ နင့်ကို ချစ်ရုံနဲ့တော့
ငါ့ဘ၀ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး။
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာ မဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့ စေတနာပါ။
နင့်နှလုံးသားကို နင် ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ။
လုလင်ပိုင်စိုး
(တာရာမင်းဝေ ၏ ကောင်းကင်အကြွေကောက်တဲ့လက် ၀တ္ထုမှ)
No comments:
Post a Comment