အဲ့ဒီညပေါ့
အလွှာပါးပါးလေးနဲ့ မွန်းကြပ်နေလိုက်တာ
တချို့ ကတော့ အရောင်စုံခြယ်သ
တချို့ က ၀မ်းစာအတွက်
တချို့ ကတော့ ရိက္ခာအတွက်
မသေခင်ထိတော့ ရုန်းလိုက်ကြဦးစို့။
အဲ့ဒီညပေါ့
သမုဒ္ဒရာဝမ်းတထွာအတွက်
ကိုယ့်အားကိုကိုး
ကိုယ့်အရိုးကို ထိုး ဆံထိုးလုပ်နေလိုက်ကြတာ
ညဥ့်ငှက်တွေတောင် တိတ်ဆိတ်လို့ပေါ့။
အဲ့ဒီ့ညပေါ့
မီးရောင်မှိန်မှိန်တွေကြား
ဘ၀အတွက် စာအုပ်နဲ့
မီးတိုင်တွေအောက် ညတွေနဲ့ စာတွေအံနေလိုက်တာ
သေစာရှင်စာ တတ်ဖို့တဲ့။
Min Min
No comments:
Post a Comment