အဲဒီစာအုပ်က
သူ့ကိုယ်သူ ကတ်ထူအင်္ကျီနဲ့ ပြန်ချုပ်တယ်
အဘိဓါန်နည်းနည်း လုပ်မလို့တဲ့။
စီးကရက်က ပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ချင်တပ်ပါ
တံထွေးနဲ့ လာမကပ်ပါနဲ့ . . . . . တဲ့။
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)
ဖိနပ်က
လှေကားခြေရင်မှာ ရပ်တယ်။
သူ့အမေက
အလှူအိမ်တွေဘက် မသွားဖို့ မှာလိုက်တယ်တဲ့။
တီ . . . တီ . . . တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ။
မျက်မှန်ကနိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီးထရံမှာ သူ့ကို ချိန်ထားလိုက်ပါ. . . တဲ့။
“ကျင်း” တွေကို နာခံရတာ “ကျဉ်း” တယ်ဆိုပဲ။
ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ။
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မယဉ်သာ ။ ။
တာရာမင်းဝေ
ကောင်း ကင် အ ကြွေ ကောက် တဲ့ လက် ၀တ္ထုမှ
No comments:
Post a Comment